ဒီနေ့ Guro District က မြို့နယ်ရုံးကို လေ့လာရေး သွားခဲ့ပါတယ်။ ဓါတ်ပုံလည်း သိပ်မရိုက် ဖြစ်ခဲ့ဘူး။ ပထမတော့ သူတို့ရုံးရဲ့ procedure တွေကို ရှင်းပြပါတယ်။
ဒါက ၀င်ဝင်ချင်းမှာ ရိုက်ခဲ့တာပါ။ လမ်းလျှောက်ရင်းရိုက်လိုက်တာ လက်တုန်သွားတယ်။
ဒါဟာ ဘာလဲဆိုတော့ service ပါပဲ။ အတွေးတစ်ခု ၀င်လာတာကတော့ အစိုးရသည် ပြည်သူအတွက် အမြဲ service ကို ဘယ်လိုလွယ်ကူအောင် ပေးမလဲဆိုတာ သူတို့ဆီမှာ အမြဲ တွေးတော ကြံဆနေတယ်ဆိုတဲ့ အိုင်ဒီယာလေးပါ။ နောက်ဆက်တွဲ အတွေးတွေတော့ ရှိပါတယ်။ နောက်များမှပဲ သေချာရေးပါတော့မယ်။ အခုတော့ တောင်စဉ်ရေမရ အတွေးပေါ့။
နောက်တစ်ခုက u-Health Care system ပါ။ Ubiquitous Health Care System လို့ ခေါ်ပါတယ်။ ရှင်းပြတဲ့ ဒေါက်တာကတော့ ပြောသွားတာ အခု ဆိုးလ်မှာ လူတိုင်း ဟန်းဖုန်းရှိပါတယ်တဲ့။ အဲဒီဟန်းဖုန်းသည် လူတွေရဲ့ ဘ၀ကို အမြဲတမ်းအထောက်အကူပြုပြီး ဟန်းဖုန်းကနေ ကျန်းမာရေး အခြေအနေကို checking လုပ်လို့ ရပါတယ်ပေါ့။
ဒီအတိုင်း ကြည့်လိုက်ရင်တော့ ဘယ်လိုချည်းလဲပေါ့နော်။ တကယ်တော့လည်း ဟုတ်ပါတယ်။ အရမ်းကို ကောင်းမွန်တဲ့ စနစ်တွေပါပဲ။ ပထမဆုံး မိမိ ဟန်းဖုန်းကနေ ဆရာဝန်ကို ဆက်သွယ်လိုက်ပါ။ သူတို့က အိမ်ကို ရောက်လာပြီး Blood Pressure, Glucose Condition အားလုံးကို စစ်ပေးပါမယ်။ ပြီးရင် သူတို့ရဲ့ ကွန်ပျူတာကနေတစ်ဆင့် Server မှာ သွားသိမ်းထားပါမယ်။ ပြီးတာနဲ့ ဆရာဝန်က အဲဒီဒေတာတွေကို စစ်ပြီး လိုအပ်တာကို တစ်ပတ်တစ်ခါ အမြဲတမ်း ဖုန်းနဲ့ SMS ပို့ပေးနေပါမယ်။
ဆိုတော့ ဒါလည်း service ပါပဲ။ ဟုတ်ပြီ ဒီလို ဆားဗစ်တွေပေးနိုင်အောင် ဘယ်လို infrastructure, idealogy, concepts တွေ လိုအပ်ပါလဲ..........
So, i want to ask myself!! Who is the Key person for changing all of the above process???
ဒီရုံးရဲ့ အ၀င် တစ်ဖက်တစ်ချက်မှာ စိုက်ထားတဲ့ အလှပန်းပင်လေးတွေပါ။ ရုံးကိုရောက်လာတာနဲ့ ဒီလိုပန်းလေးတွေကို မြင်လိုက်ရတာကိုက စိတ်ချမ်းသာစေပါတယ်။
0 comments:
Post a Comment