သူများ ဘလော့ခ်တွေ လျှောက်ဖတ်ပြီးတော့ အိုင်ဒီယာရတာ တစ်ခုရယ် အမှတ်တယ ဖြစ်စေချင်လို့ရယ် အခုပိုစ့်ကို ရေးလိုက်တယ်။ ပြီးခဲ့တဲ့ တစ်ပတ်က လူကြုံရှိတာနဲ့ မြန်မာပြည်က မျှစ်ချဉ်ရယ် ငါးပိထောင်းရယ် ရခဲ့တယ်။ အဲဒါနဲ့ မျှစ်ချဉ်ကလည်း စားချင်နေတာ ပထမတော့ ဘတ်ဂျက်အခြေအနေအရ ကြက်သားပဲ ရှိတော့ ကြက်သားနဲ့ မျှစ်ချဉ် အရင် ချက်စားလိုက်တယ်.....
စားချင်စိတ်ပေါ်လာရင် စားသွားလို့ရတယ်နော်....![]()
ဒီနေ့ကျတော့ စိတ်ကလည်း တောင့်တတာရယ် ပိုက်ပိုက်ကလည်း ရှိနေတာရယ်နဲ့ ၀က်သားသွားဝယ်လိုက်တယ် ပြီးတာနဲ့ ၀က်သားနဲ့ မျှစ်ချဉ် ချက်စားလိုက်တယ်....
အင်း စားချင်ရင် စားသွားလို့ရတယ်နော် တစ်ယောက်စာဆိုပေမယ့် အများကြီးချက်တယ် အဟီး
ဟင်းချက် လောဘကြီးတယ် ဟင်းစားလည်း ကြီးတယ်။ အဲဒါကြောင့် အများကြီးပဲ ......![]()
![]()
![]()
![]()
လူကြုံထည့်ပေးလိုက်တဲ့ အန်တီကိုလည်း ကျေးဇူးအများကြီးတင်လျက် အခုပိုစ့်ဖြင့် အမှတ်တယ ရေးလိုက်မိပါ၏...
![]()
Melbourne near me Trusted Removalist
6 months ago






2 comments:
ပုံစံလေးကစားကောင်းမယ့်ပုံပဲ
အဲဒါကတော့ များသွားပြီနော်၊ နေနှင့်ဦးပေါ့ကွာ
Post a Comment