ယူတတ်လျှင်......????



ယူတတ်လျှင်......????
ဘာကိုယူတတ်လျှင်ပါလဲ ယူတတ်လျှင် အများကြီးရပါသည်။ ဘာရယ်တော့ မဟုတ်ပါဘူး ဒီကို ရောက်ကတည်းက စဉ်းစားမိနေတာ တစ်ခုရှိတယ်။ ဘယ်သွားသွား လမ်းမတွေပေါ်မှာ မြင်နေရတာ လမ်းညွှန်ဆိုင်းဘုတ်များပါပဲ။ ပြီးတော့လည်း သူငယ်ချင်းတွေက ပြောတယ်။
“ငါတို့နိုင်ငံမှာ ဘယ်သွားသွား အဆင်ပြေတယ်တဲ့ သွားရမယ့် နေရာမသိတောင် လမ်းညွှန်ဆိုင်းဘုတ်တွေ ကြည့်ပြီး ကိုယ်လိုရာကို သွားနိုင်တယ်တဲ့.........” ဒါတောင် အခု သူတို့ဆီမှာ GPS စနစ်သုံးနေတာ ထည့်မပြောသေးဘူး။

“ငါမင်းတို့တိုင်းပြည်ကို ရောက်တုန်းက အတော့်ကို ခက်ခဲ ခဲ့တယ်တဲ့.......”
ဘာလည်းပေါ့ မေးကြည့်တော့ ............... သူ့မှာသွားသာသွားရတယ်တဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေ မတွေ့လို့တဲ့ ..............
ကဲလေ စဉ်းစားသာကြည့်ပါတော့ ဘာပြန်ပြောရမှန်းတောင် မသိဘူး ဖြစ်သွားတယ်....
ဒါတောင်သူက လမ်းတွေ မကောင်းတာ မပြောသေးပါဘူး ဟိုင်းဝေးလမ်း အကြောင်းလည်း ဘာမှ မပြောပါဘူး သူပြောတာကလည်း ဒီလမ်းညွှန်ဆိုင်းဘုတ်လေး တစ်ခု အကြောင်းပါပဲ ..........

ဟင်မ်း အစ တစ်ခုရသွားရင် ဆွဲထုတ်စရာတွေက အများကြီးပါပဲ ..........

ဘာရယ် မဟုတ်ပါဘူး အိပ်လို့ မရလို့ လျှောက်တွေးရင်းနဲ့ စိတ်ထဲ ရေးချင်တာ ရေးလိုက်တာ.......



senyumkenyit blur soal senyumkenyit blur soal senyumkenyit blur soal senyumkenyit blur soal senyumkenyit blur soal senyumkenyit blur soal senyumkenyit blur soal senyumkenyit blur soal

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2 comments:

မောင်မောင် said...

အင်း ဘာပြောရမလဲ၊ ရောက်အောင်သာ နောက်တစ်ခါ ထပ်လာခဲ့ပါ အားလုံး အဆင်ပြေစေရမယ်လို့...

မမွန် said...

infrastructure ကို ကောင်းစွာ အကောင်အထည်မဖော်နိုင်သ၍တော့ ------၊ I.T ကလည်း လိုတယ်လေ။