လွဲခဲ့သော နေ့တစ်နေ့

(နေ့ခင်းကျရင် ဘာစားမလဲ…..) တဲ့ မေးလာတယ်
(ဘာလို့ကျွေးမှာလဲ ဘာအတွက် ကျွေးမှာလဲ………..) လို့ ပြန်မေးလိုက်တယ်
အမှန်ပြောရင် အဲဒီလို မေးတဲ့အထိ သတိမရမိသေးတာ အမှန်ပဲ
ketukmeje-----------------------adus
ketukmeje-----------------------adus
ketukmeje-----------------------adus
ပြီးတော့မှ စဉ်းစားရင်းနဲ့ ( ဟာ သွားပြီ ) tensionလို့ စိတ်ထဲက ရေရွတ်လိုက်မိတယ်…..
ဟုတ်သားပဲ ဒီနေ့က မွေးနေ့လေ သွားပြီ လုံးလုံးကို မေ့လျော့နေတာ…….
အဲဒီကစပြီး တစ်နေ့လုံး ရာသီဥတု မကောင်းတော့ဘူး ဘယ်လို တောင်းပန် တောင်းပန် မရတော့ဘူး
ဟုတ်လည်းဟုတ်တာပဲလေ ကိုယ်က မဟာအမှားကြီးကို လုပ်လိုက်မိပြီကိုး……sembah……..
အဲဒါနဲ့ သူငယ်ချင်းနဲ့ တိုင်ပင်ပြီး စီးတီးမာခ့်ကိုသွား မွေးနေ့လက်ဆောင်ဝယ်ပေါ့ ပတ်ကင်လည်း သေချာထုတ်ပေါ့
ညနေကျတော့ မွေးနေ့လက်ဆောင်လေး ပေးတာပေါ့
သိတဲ့အတိုင်းပဲလေ ကြည်ကြည်ဖြူဖြူနဲ့တော့ ဘယ်ယူပါတော့မလဲ
ဒီလောက်တော့ ခံစားရမှာပေါ့
ညနေကျတော့ ထပ်တောင်းပန်တာပဲ sembah လုံးဝကို စိတ်ကောက်သွားတာ
နောက်ပိုင်းမှာ အမြဲ စကားနာ အထိုးခံရတဲ့အထိကို စိတ်ကောက်တာ
ကိုယ်ကလဲ ကိုယ်ပါပဲ လွန်သွားတာကိုး sengihnampakgigi
အင်း နောက်တော့လဲ ပြေလည်သွားတယ်ပေါ့

အဲဒါနဲ့ နောက်ဆို အမြဲ မမေ့အောင် မွေးနေ့ကို မှတ်ရတာ အခုထက်ထိပါပဲ။
ဘယ်လိုမှတ်လဲဆိုတော့ သင်္ကြန်ပြီးပြီ ဆိုတာနဲ့ မွေးနေ့လာတော့မယ်နော် လုံးဝ မမေ့နဲ့နော် ဆိုပြီး
ကိုယ့်ကိုကိုယ် သတိပေးရတာလည်း အကြိမ်ပေါင်းကို မနည်းတော့ဘူး။
အခုတော့လည်း အားလုံးက ဘ၀ရဲ့ တာဝန်ကိုယ်စီနဲ့ ကိုယ့်ဘ၀ကိုယ် ပဲ့ထိန်းနေကြရပြီလေ။

မနက်ဖန် တွင် ကျရောက်မည့် ကျွန်တော့်အပေါ် အမြဲ နားလည်စာနာကူညီပေးခဲ့သော
အမတစ်ယောက်၏ မွေးနေ့ကို ဒီ ပိုစ့် နဲ့ မွေးနေ့အမှတ်တယ ဆုတောင်းပေးလိုက်တာပါ။

star" No Matter How Old You Get I Will Always Wish You, Sis. "star

rosPerfect Birthdayros
On your birthday I wish you much pleasure and joy;
I hope all of your wishes come true.
May each hour and minute be filled with delight,
And your birthday be perfect for you!

By Joanna Fuchs





စကားချပ်။
မနက်ဖန် မြင်းစီးပွဲ သွားကြည့်မှာဖြစ်ပါသဖြင့် ကြိုတင်ပြီး မွေးနေ့ ဆုတောင်းပေးလိုက်ပါသည်။jelir

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

မမွန် said...

ဖြစ်ချင်တာမဖြစ်ရဘဲ ဖြစ်သင့်တာဖြစ်နေရတဲ့ လောကကြီးမှာ ရှေ့ဆက်လျှောက်ရန် fighting!