Vocabulary မှတ်စု (၁)

outrage (v,n) = စိတ်ဆိုးစေသည်၊ စိတ်ဆိုးခြင်း။

contempt (n) = အထင်သေးခြင်း။

betray (v) = သစ္စာဖောက်သည်။
betrayal (n) = သစ္စာဖောက်ခြင်း။

deserve (v) = ထိုက်တန်သည်။

accursed (adj:) = ယုတ်ညံ့သော။

taunt (v) = မခံချင်အောင်စသည်။

sanctified (adj:) = မြင့်မြတ်သော။

attend (v) = ကျရောက်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Thousands homeless in Myanmar floods


Flooding in Bago district, some 50 kilometers north-east of Yangon. Thousands of families. Thousands of people were left homeless after floods swept through central Myanmar, washing out bridges, closing schools and forcing a suspension in rail service, state media said Monday(AFP/File/Khin Maung Win)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

INTERVIEW - U.N. sees Myanmar making progress towards democracy

By Reuters

Thursday July 12, 07:05 PM

By Y.P. Rajesh

NEW DELHI (Reuters) - Myanmar's military junta is taking slow but positive steps towards democracy and development and an Asian consensus is building to push Yangon further in that direction, a top U.N. envoy said on Thursday.

Ibrahim Gambari, U.N. Secretary-General Ban Ki-moon's Special Adviser on Myanmar, was speaking during a two-day visit to India, his second stop on a three-nation tour aimed at bolstering that consensus.

He also plans to visit the Southeast Asian nation in September to encourage the new "openness and cooperation" of the military regime.

The military, which has ruled the impoverished country in some form or other since 1962, had agreed to reconvene a National Convention for the last time next week to finish drafting a new constitution as part of a seven-stage roadmap to democracy, he said.

Yangon had also received several international representatives to help tackle diseases, humanitarian crises, and armed conflict and reached agreement with the International Labour Organization to fight child labour.

"The best approach ... is to combine, to recognise progress where it has been made and to encourage them to move further along the lines of democratisation and respect for human rights," Gambari told Reuters in an interview.

Asian giants China and India, as two neighbours who have close links with Myanmar, have a key role to play in this effort, he said.

"I don't know whether pressure is the right word, but certainly to encourage," Gambari said after talks with Indian Foreign Secretary Shivshankar Menon.

"We urge them to encourage the authorities in Myanmar to build on the positive steps they are making ... send positive messages to reinforce those tentative steps."

HIGH STAKES

Western capitals, led by Washington, have consistently pressured Myanmar, formerly Burma, on political reform and to release political prisoners, including democracy icon and Nobel laureate Aung San Suu Kyi.

Critics call the plan of the generals to draft a new constitution and eventually hold elections a sham aimed at entrenching military control over Myanmar's 54 million people.

Sanctions imposed by the West have had little effect, with some pro-democracy activists blaming China and India for the failure of efforts to isolate the military regime.

Beijing has been a long-time supporter of Yangon, selling it arms worth millions of dollars, helping it upgrade its naval facilities, buying large amounts of timber and minerals and exploring energy projects there.

New Delhi has been a late entrant into the regional diplomatic game.

It initially supported Suu Kyi's National League for Democracy in the early 1990s, but changed strategy to court the military regime in what some analysts say was an attempt to counter China.

It has invested in developing ports, building roads and railways and is also competing with Beijing for Myanmar's oil and gas reserves. Besides, Yangon is also helping New Delhi fight militants across the border in India's troubled northeast.

Gambari arrived in New Delhi after talks in Beijing. He flies next to Japan.

In the wake of his China visit, Beijing said Myanmar was not a threat to regional security and should be allowed to solve its own problems. But Gambari said it would be wrong to suggest his trip had not been useful.

"They see some synergy in terms of our approach, strategies ... so we intend to build on that," he said.

India's Menon was also "very, very constructive, very free, very open, very candid", he added.

"I don't see any discrepancy in terms of our approach and theirs. On the contrary, I really am encouraged by the level of understanding between us."


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လိုချင်မိပါတယ်။

ကြံကြံဖန်ဖန်ဗျာ။ ကျွန်တော်ကတော့ ဒီလို Towel မျိုးရလို့ကတော့ လူအထင်ကြီးအောင်ကို သုံးချင်ပါတယ်။ ၀ယ်လို့ရတဲ့နေရာရှိရင် ညွှန်းကြပေးကြပါခင်ဗျာ။ (မြန်မာပြည်မှာနော်)




  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခေါင်းဆောင်


တွေးကြည့်ကြပါ။ ခေါင်းဆောင်လုပ်နေသောသူများ အတုယူသင့်တယ်ထင်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကူးယူသိမ်းဆည်းခြင်း



ဒီနေ့ Blog တွေလျှောက်ကြည့်ရင်းမှ http://sixfaces.blogspot.com/2006_10_01_archive.html ဒီလင့်ခ်ကို ရောက်သွားပါတယ်။ Tablets တွေနှင့် ပြုလုပ်ထားပါတယ်။ ကြည်ညိုလို့ ကူးယူ သိမ်းဆည်းထားလိုက်တယ်။ ပိုင်ရှင်ရေ ခွင့်ပြုပေးပါ။ (ကူးပြီးလို့တော့ တင်ထားပြီးပါပြီ)


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျွန်တော်၏ Blog လေးအတွက် ကျေးဇူးတင်ထိုက်သူများ

ကျွန်တော် Blog ကို စပြီးတွေ့မိတာ မကြာသေးပါဘူး။ စစချင်းတော့ ရုံးလုပ်ငန်းထဲက စိတ်ပျက်စရာ တွေကို ရေးဖို့ပဲ အာသီသ ရှိနေလို့ ရင်ဖွင့်ရာနေရာတစ်ခုအဖြစ် တင်လိုက်မိပါတယ်။ အဲဒီကနေ စပြီး အခြားသူတွေရေးထားတဲ့ Blog တွေ လျှောက်ဖတ်ရင်းမှ တဖြည်းဖြည်းအားကျလာမိပါတယ်။

ကျွန်တော်တို့မြန်မာတွေတော်ကြပါတယ်။ စာအရေးအသားမှာလည်းတော်ကြတယ်။ Blog ကို လှပ အောင်မွမ်းမံတဲ့နေရာမှာလည်း တော်ကြပါတယ်။ ကျွန်တော်ဒီနေရာကနေ မြန်မာ Blogger များကို စိတ်ရင်းအတိုင်း ချီးကျူးလိုက်ပါတယ်။

ခေါင်းစဉ်ရဲ့လိုရင်းက အခုမှပဲရေးရပါတော့မယ်။ ကျွန်တော့်ရဲ့ Blog လေးအတွက် ကျေးဇူးတင်ထိုက် သူများ များစွာပါပဲ။ မြန်မာ Blogger များအားလုံးဟာ ကျွန်တော့်ရဲ့ မြင်ဆရာများပါပဲ။ ကို Saturngod ကိုတော့ ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော့်ရဲ့ Blog ဆရာလို့ ပြောချင်ပါတယ်။ သူရဲ့ Blog လုပ်မယ် စာအုပ်ရပြီးမှ သေချာလုပ်ဖြစ်လို့ပါ။ တခြား Blog လုပ်ရန် လမ်းညွှန်စာတွေရေးပေးတဲ့ ကိုညီလင်းဆက်၊ ကိုရန်အောင်၊ ကိုမောင်လှ၊ ကိုကဒေါင်း၊ မညလေး၊ အများကြီးပါပဲ။ ကျွန်တော်အားလုံးကို မမှတ်မိတော့တာ ၀န်ခံပါတယ်။ သို့သော် ကျွန်တော့် ရဲ့ Bookmarks ထဲမှ Blog ဆိုတဲ့ Folder မှာတော့ ကျွန်တော်ဝင်ရောက်လည်ပတ်ထားတဲ့ စာရင်းတွေကို မှတ်ထားပါတယ်။ ဒါကတော့ Blog အတွက် ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူး တင်မိတာပါ။

နောက်တစ်ချက်ကတော့ ကျွန်တော့်ရဲ့ ဥာဏ်အလင်းကို ဖွင့်ပေးတဲ့ ကလောင်ရှင်များကတော့ ကိုစေးထူး၊ ကိုကဒေါင်း၊ ကိုရန်အောင်၊ မနိုင်းနိုင်းစနေ၊ မမေဒါဝီ၊ မလင်းလက်ကြယ်စင်၊ ကိုမက်ထရို၊ ကိုညီလင်းဆက်၊ etc… ပါ။ (တခြားသူများလည်းပါပါတယ် ကျွန်တော့် ကလောင်ရှင်တွေကို မှတ်မိသလောက် ရေးထားတာပါ။) သူတို့ကိုတော့ ဒီနေရာကနေ အသိပေးထားချင်ပါတယ်။ ကျွန်တော့် အပေါ်က ကလောင်ရှင်များရဲ့ စာများကို ကြိုက်လွန်းလို့ Copy လုပ်ပြီး MSWord မှာ စုဆောင်းထားပါတယ်။ ကျွန်တော် ခွင့်မတောင်းပဲ ခိုးယူတယ်လို့ ကိုယ့်စိတ်ကိုယ်မသန့်လို့ ဒီနေရာကနေ အသိပေးဝန်ခံပြီး နောက်လည်း ဒီလို ဆက်လုပ်မယ်ဆိုတာ ကြိုတင်ဝန်ခံထားတာပါ။ ကြိုက်လို့ ဗဟုသုတ ရလို့ သိမ်ထားခြင်းပါ။ တခြားရည်ရွယ်ချက် ဘာမှ မရှိပါဘူးဗျာ။

သြော် မေ့ခဲ့လို့ ကျွန်တော့်ကို Blog လုပ်ဖြစ်ဖို့ရန် အားပေးခဲ့တဲ့ ကျွန်တော့်ရဲ့ညီညီလို့ခေါ်တဲ့ ညီရယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ရင်ဖွင့်သံကို အားပေးခဲ့တဲ့ ရုံးမှ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများရယ်ကို လည်းကျေးဇူးတင်မိပါတယ်ဗျာ။

ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်လျက်ပါဗျာ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဖတ်ခဲ့မိသော ဆောင်းပါးတစ်ပုဒ်မှ အတွေးတစ်စ

လွန်ခဲ့သည့် သြဂုတ်လ ၆ ရက်နေ့ဟာ ဟီရိုရှီးမားနေ့ ကမ္ဘာမြေသို့ အဏုမြုဗုံး ပထမဆုံးချခဲ့သောနေ့ သြဂုတ်လ ၉ ရက်နေ့ဟာ နာဂါဆာကီမြို့သို့ ဒုတိယမြောက် အဏုမြူဗုံးချခဲ့သော ကမ္ဘာ့သမိုင်းဝင် နေ့ကြီးများဖြစ်ကြပါသည်။
၎င်း ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် လူကလေး little boy အမည်ပေးထားသော အဏုမြူဗုံး နှင့် သြဂုတ်လ ၉ ရက်နေ့မှာတော့ လူဝကြီး fatman ဟုအမည်ပေးထားသော အဏုမြူဗုံး နှစ်လုံး ကြောင့်ဂျပန်ပြည် Hiroshima နှင့် Nagasaki မြို့တို့ ပြာပုံအတိ ဖြစ်ခဲ့ကြရရှာသည်။
ထိုသို့ လူသားတို့ သိန်းချီပြီး မရှုမလှသေကြေပျက်စီးခြင်းသို့ ရောက်ကြရသည့်အပြင် ၄င်းအဏုမြူဗုံး ဒဏ်၏အကျိုးဆက်များကြောင့် ရောဂါဝေဒနာဆန်းများကိုလည်း ကျန်ရစ်သူများက ဆက်လက် ခံစားခဲ့ကြရပြန်သည်။
ဂျပန်တို့က ပြာပုံအတိဖြစ်နေသော မြို့ ကြီးနှစ်မြို့ကို ကြည့်၍ ယူကျုံးမရ ဖြေမဆည်နိုင်မှုနှင့် ခံစားမှု နာကြည်းမှုကြီးများက တစ်မျိုးသားလုံးသို့ လွှမ်းမိုးထားနေချိန် ဖြစ်သည်။
ဤမည်သော ဂျပန်အမျိုးသားထုကြီးအား လွှမ်းမိုးနေသော ခံစားမှု နာကြည်းမှုကြီးကို ဂျပန်အဘိုးအို တစ်ဦး၏ အမှတ်မထင် ပြောလိုက်သောစကားကြောင့် အသိတရားများရကြကာ ဂျပန်တို့၏ ဖြေမဆည်နိုင်သော ခံစားမှု နာကြည်းမှုကြီးများက တစ်မျိုးသားလုံးမှာ ရုတ်ခြည်းပြောင်းလဲလာခဲ့ ကြရပေတော့သည်။
အဘိုးအိုက လူစုဝေးနေကြသော နေရာတစ်နေရာ၌ ဤသို့ဆိုခဲ့သည်။ Hiroshima ကို အမေရိကန် တို့အဏုမြူဗုံးချခဲ့လို့ နာကြည်းနေရမှုထက် Nagasaki ကို တို့ဂျပန်တွေက အဏုမြူဗုံးချခဲ့တာဟာ တစ်မျိုးသားလုံးအတွက် ပိုလို့မခံရပ်နိုင်လောက်အောင် နာကြည်းဖို့ကောင်းလှတယ် ဟု လူပုံ အလယ်၌ ဟစ်ကြွေးပြောဆိုနေလေတော့သည်။
ဒီတော့လူအများက အဘိုးကြီးကို ခဲနဲ့ပေါက်ကြ၊ တစ်ချို့က ဖိနပ်နဲ့ချွတ်ပေါက်ကြ၊ အချို့က အရူးကြီး ဟုဆိုကာ ထွက်ခွာသွားခဲ့ကြသည်။ ဤအခြင်းအရာကို မြင်ကြားနေရသော ကျောင်းဆရာတစ်ဦးက အဘိုးအိုအား လူအုပ်ကြားမှ အတင်းဆွဲထုတ်ကာ စက်ဘီးဖြင့်တင်၍ လွတ်ရာသို့ နင်းပြေးခဲ့ရသည်။ ဘေးလွတ်ရာ လက်ဖက်ရည်ဆိုင်အတွင်းသို့ အဘိုးအိုအား ခေါ်ဆောင်ကာ-
”အဘ… ဒီအချိန်မှာ ဘာကြောင့် ဒီလိုစကားမျိုးကို ပြောလိုက်ရတာလဲ။ တစ်မျိုးသားလုံး အမေရိကန် ကိုနာကြည်း မုန်းတီးနေချိန်မှာ အဘက အမေရိကန်တို့က Hiroshima ကို အဏုမြူဗုံးချခဲ့တာထက် တို့ဂျပန်စစ်သွေးကြွ ဗိုလ်ချုပ်တွေကNagasaki ကို အဏုမြူဗုံးထပ်ချခဲ့တာက ပိုလို့ရင်နာ နာကြည်း ဖို့ ကောင်းလှတယ်လို့ သွားပြောတော့ အဘကို ဘယ်သူက လက်ခံမှာလဲ။ သတ်ချင်ကြမှာပေါ့ အဘရယ်။ အဘရူးနေသလား။ ဘာကြောင့် ဒီစကားတွေကို ပြောရတာလဲ“ ဟု ကျောင်းဆရာက အဘိုးအိုအား သိချင်ဇောဖြင့် မေးလာခဲ့ရာ အဘိုးအိုမှာ ရေနွေးတစ်ခွက်ကို သောက်ရင်းက-
“မောင်ရင်က ဘာလုပ်သလဲ“ “ကျောင်းဆရာပါအဘ“
“အေး-ကျောင်းဆရာဆိုတော့ ပညာတတ်ပေါ့ကွာ။ ဟုတ်ပြီလား။ အဘပြောပြပါ့မယ်။ တို့ရဲ့ Hiroshima ကို အမေရိကန်တို့က ဗုံးချခဲ့တာမှန်တယ်။
အဏုမြူဗုံးဒဏ်ကြောင့် Hiroshima မှာ ကလေးသူငယ် ရင်ခွင်ပိုက်ကအစ ကိုယ်ဝန်ဆောင်အဆုံး လူပေါင်းသိန်းချီလို့ မရှုမလှ သေကြေပျက်စီးခဲ့ကြတာကို တို့စစ်ဗိုလ်ချုပ်ကြီးတွေက မျက်မြင်၊ တစ်နိုင်ငံ လုံးကလည်း မျက်မြင်ကိုယ်တွေ့ပဲ မဟုတ်လား။
ဒီတော့ Hiroshima ကို အဏုမြူဗုံးချပြီး အမေရိကန်တို့က လက်နက်ချခိုင်းခဲ့တာကို တို့စစ်သွေးကြွ ဗိုလ်ချုပ်ကြီးတွေက ခေါင်းမာပြီး လက်နက်မချခဲ့ကြဘူး။ ပထမရက် စဉ်းစားလို့ရတယ်။ သူတို့ စည်းဝေးလို့ရတယ်။ ဒုတိယနေ့မှာ အချိန်မီလက်နက်ချလိုက်ရုံပဲပေါ့။
ဒီတော့ အခုဘာထူးသလဲ။ သြဂုတ်လ ၉ ရက်နေ့မှာ Nagasaki မြို့ပေါ် ဒုတိယအဏုမြူဗုံး ထပ်ချ လိုက်တော့မှ စစ်သွေးကြွတွေက လက်နက်ချခဲ့ကြတယ်။
ဒီတော့အဘဆိုလိုတာက ပထမဗုံးဟာ အဏုမြူပါဆိုတာကို တို့စစ်သွေးကြွက သိလျက်နဲ့ အဲဒီ အဏုမြူဗုံးမျိုး တို့မှာမှ မရှိတာ။ ဒီတော့ ဒီစစ်ကို ဆက်တိုက်နေဖို့လိုသေးသလား။ အဏုမြူဗုံး သုံးနေတဲ့စစ်ကို ဆာမူရိုင်းဓားနဲ့ တက်ခုတ်လို့ ရနိုင်မှာတဲ့လား။
ဒီတော့ တို့စစ်သွေးကြွတွေရဲ့ အတွေးအခေါ် စစ်ဆင်ရေးဆုံးဖြတ်ချက်တွေက အလွန်နိမ့်ကျ နေခဲ့လို့ အခုလို Nagasaki မြို့ပါ ပြာပုံထပ်ဖြစ်ခဲ့ရတာပဲ မဟုတ်လား။ စစ်သွေးကြွတွေကသာ အချိန်မီ လက်နက်ချခဲ့ရင် ဒုတိယအဏုမြူဗုံးက Nagasaki ပေါ်ကျလာစရာအကြောင်း မရှိပါဘူး။ အဘက ဒါကိုဆိုလိုတာပါ။”
အဘိုးအို၏ စကားကို ကြားလိုက်ရတော့ ကျောင်းဆရာသည် သက်ပြင်းချလိုက်နိုင်ရုံမှလွဲ၍ ဘာမျှ ပြန်မပြောနိုင်ဘဲ တွေဝေနေလေတော့သည်။
ဒီတော့ အဘိုးအိုက-
“အခုမြို့ ကြီးနှစ်မြို့ ပြာကျသွားခဲ့င်္ပြီး အဘမေးပါရစေ။ ဒီစစ်သွေးကြွတွေက ဘာဆက်လုပ်ကြမလဲ။ ဒီနာကြည်းခြင်း၊ မုန်းတီးခြင်းတွေကို ရှေ့တန်းတင်ပြီး ပြောနေကြဦးမှာလား။ နေ့စဉ်နဲ့အမျှ သတင်းစာ၊ စာစောင်တွေမှာ ဒီအဖြစ်အပျက်ရဲ့ ယူကျုံးမရစရာတွေ၊ အမေရိကန်တို့ကို နာကြည်းမှုတွေကိုပဲ ရှေ့တန်းတင်ပြီး လူထုကို ခံစားမှုတွေ ပေးနေကြမှာလား။ ဒီလို လူထုကို ခံစားမှုတွေပေးရုံနဲ့ တို့ အမေရိကန်တွေကို ပြန်နိုင်မှာတဲ့လား”
ဒီတော့မှ ကျောင်းဆရာကလည်း ဘေးစားပွဲမှ သတင်းစာကြီးတစ်စောင်ကို မျက်စောင်းထိုး ကြည့်ရင်းက-
“ဟုတ်ပါတယ် အဘရယ်” ဟုဝန်ခံလိုက်သည်။
ဒီတော့မှ အဘိုးအိုက -
“တို့တစ်မျိုးသားလုံးနဲ့ အဓိက စစ်သွေးကြွတွေသိထားရမှာက အခုစစ်ကြီးကို မရှုမလှရှုံးရတာ တို့မှာ အဆင့်မြင့် သိပ္ပံနည်းဗျူဟာတွေ မရှိလို့ဘဲ။
ဒါကြောင့် ရှေ့ဆက် အဆင့်မြင့်သိပ္ပံနည်းဗျူဟာ နိုင်ငံမှာမရှိရင် စစ်ကိုလည်း ဘယ်လိုမှ ယှဉ်နိုင်စရာ မရှိသလို စီးပွားရေးမှာလည်း အဆင့်မြင့်သိပ္ပံနည်းဗျူဟာ မရှိတဲ့နိုင်ငံက ဘယ်လိုမှ သူများအရှေ့ကို မရောက်နိုင်ဘဲ ယှဉ်လို့လည်းမရနိုင်ပါဘူးဆိုတာကို စစ်သွေးကြွတွေက သိဖို့လိုပါတယ်။
ဒါကြောင့် အဘဆိုလိုချင်တာက တို့ဂျပန်တွေ စစ်ထက် အဆင့်မြင့်သိပ္ပံနည်းဗျူဟာတွေကိုသာ ရယူဖို့ ဦးစားပေးသင့်တယ်။ စစ်သွေးကြွတွေက ဒီဆာမူရိုင်းဓားကို ခါးမှာချိတ်ပြီး စစ်သွေးကြွနေလို့ကတော့ ဂျပန်တို့ရဲ့အမျိုးသားရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေးတွေဟာ ရှေ့ဆက်မှေးမှိန်သွားဖို့ပဲရှိတယ်ဆိုတာကို အဘပြောချင်တာပါပဲ”
ဟုဆိုကာ အဘိုးအိုမှာ ရေနွေးတစ်ခွက်သောက်ပြီး ကျောင်းဆရာရှေ့မှ ထထွက်လို့သွားလေတော့ သည်။
ကျောင်းဆရာသည် အဘအား မျက်စိတစ်ဆုံးကြည့်ရင်းမှ အတွေးတစ်ခုဝင်လာကာ အဘပြောသမျှ ကို ချက်ချင်းချရေးပြီး နေ့ချင်းပင် ပုံနှိပ်စက်တစ်ခုစီသွား၍ ၄င်းစာသားများကို ပုံနှိပ်ကာ သူ့ကျောင်းသားတပည့်များအား စည်းရုံး၍ လက်ကမ်းစာစောင်များအဖြစ် ဝေငှခဲ့သည်။
၎င်းလက်ကမ်းစာစောင်များသည် တစ်ဆင့်ပြီးတစ်ဆင့်ပွားလာရာ နောက်ဆုံးစစ်ဗိုလ်ချုပ်ကြီးများ ဆီရောက်ပြီး အထက်တန်းစစ်ဦးစီးအချို့က ကြီးစွာသော နောင်တ တရားရသွားခဲ့ကြသလို အချို့ စစ်ဦးစီးအထက်တန်းအရာရှိတို့က မိမိကိုယ်မိမိ သတ်သေခဲ့ကြရသည်လည်း ရှိလာခဲ့သည်။
ဂျပန်တို့သည် ထိုအချိန်မှစ၍ စစ်ထက် အဆင့်မြင့်သိပ္ပံနည်းဗျူဟာများရရှိရေးကို ဦးစားပေးကာ ယနေ့ ကမ္ဘာပေါ်တွင် အဆင့်မြင့်သိပ္ပံနည်းဗျူဟာများနှင့် ပတ်သက်၍ ကမ္ဘာကျော်ပြီး အမေရိကန်တို့နှင့် တန်းတူရည်တူ ပခုံးချင်းယှဉ် နေနိုင်ကြပြီဖြစ်သလို လူမျိုး၊ အမျိုးသားရေး၊ နိုင်ငံရေး၊ စီးပွားရေးတို့၌လည်း ကမ္ဘာ့အလယ် မော်ကြွားလို့မြင့်မားနေခဲ့ကြပြီ မဟုတ်ပါလား။
ဤသည်ကား Hiroshima နှင့် Nagasaki မြို့များသို့ အဏုမြူဗုံးကျခဲ့ပြီးနောက် ဂျပန်စစ်သွေးကြွ ဗိုလ်ချုပ်ကြီးများ၏ အတွေးအခေါ်သစ်များဆီသို့ အချိန်မီလျှောက်လှမ်းနိုင်ခဲ့ခြင်းကြောင့်ပင် မဟုတ်ပါလား။ စစ်ကိုဦးစားပေးနေခြင်းက နိုင်ငံ့စီးပွားရေး၊ လူမျိုးရေးနှင့် နိုင်ငံရေး မြင့်မားမှု အတွက် အချည်းအနှီးပင် ဖြစ်နေမည်ဟူသော အချက်ကို စစ်သွေးကြွဗိုလ်ချုပ်ကြီးများက ကောင်းကောင်း သဘောပေါက်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
၎င်းအထက်ပါဆောင်းပါသည် ၂၀၀၁ ခုနှစ် အောက်တိုဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်းမှ ဘဲလားလေဘာတီ ရေးထားသော “Survival Zone ဘယ်မှာဖြစ်မလဲ” ဆောင်းပါးကို ရုံးအားချိန်တွင် မဂ္ဂဇင်းအဟောင်းများအားပြန်ဖတ်ခြင်းမှ တွေ့မိပြီး အတွေးတစ်စပွားမိ၍ နိဒါန်းထားပြီး တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
၎င်းဆောင်းပါးကြောင့် ကျွန်တော်သည် အဘိုးအိုတွေးမိသလို အမိနိုင်ငံအတွက် အတွေးတစ်ခု လှစ်ခနဲ ဖြစ်မိပါသည်။ ယခုအခါ ကျွန်တော်တို့နိုင်ငံ အာဏာရှင်များသည် တစ်ချိန်က မြန်မာပြည်ကြီး ယိုးဒယားအား နိုင်ဖူးသည် ဆိုတာကိုပဲ ပြောပြောနေသည်။ ယခုအခါ ထိုင်းသည် မြန်မာပြည် ထက် အဆပေါင်းများစွာ သာ၍ ခေတ်မီတိုးတက်သော နိုင်ငံဖြစ်နေသည်ကို လျစ်လျူရှုထားပြီး ယခင်က နိုင်ခဲ့တာကိုပဲ စားမြုံပြန်ပြီး မျိုးချစ်စိတ်ပြနေတာကို အတွေးအာရုံထဲ၌ ဖမ်းစားမိသောကြောင့် ဖြစ်ပါသည်။
ဂျပန်စစ်သွေးကြွဗိုလ်ချုပ်ကြီးများ အမြင်မှန်ရပြီး တိုင်းပြည်အား ပြုပြင်မှုများ၊ လူမျိုးရေးစိတ်ဓါတ်များ မျိုးချစ်စိတ်ဓါတ်အပြည့်ဖြင့် မိမိ၏အမှားကို မြင်ပြီး အမှန်ကိုပြုပြင်ရဲသည့် စိတ်ဓါတ်များသည် လေးစားအားကျ အတုယူစရာများ ဖြစ်သည်ဟု ထင်မိပါသည်။ မြန်မာပြည်မှ တစ်ကိုယ်ကောင်း အာဏာရှင်များလည်း မိမိတို့၏ အမှားကိုမည်သည့်အချိန်မှ မြင်ပြီး မည်သည့်အချိန်မှ ပြုပြင်ရဲသည့် စိတ်ဓါတ်များ မည်သည့် အချိန်ရောက်လာပါမည်လဲ။
ကျွန်တော်သည်လည်း ကျောင်းဆရာပြုလုပ်သောနည်းလမ်းအတိုင်း ကျွန်တော်၏ ရင်ဖွင့်ရာ blog လေးမှတစ်ဆင့် ဤဆောင်းပါးလေးကို ချရေးပြီး လာဖတ်သော လူနည်းစုမှ ပြန်လည်ပြီး စည်းရုံး ပေးနိုင်ပါရန် ဆုတောင်းလိုက်ရပါသည်ဗျာ။
လူသားတိုင်းအမြင်မှန်ရရှိပြီး မိမိ၏အမှားကို ပြုပြင်နိုင်ရဲသော စိတ်ဓါတ်ပိုင်ဆိုင်နိုင်ကြပါစေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အတွေးများ

ဒီနှစ်သင်္ကြန်မှာ အပြင်မထွက်မိဘဲ အိမ်တွင်းအောင်းနေရင်းနဲ့ စိတ်ကူးလေးတွေတစ်ခုပြီးတစ်ခု ကွန့်မြူးဖြစ်တယ်ဗျ။ ပထမတော့ ဘုန်းကြီးဝတ်မလားလို့ စဉ်းစားဖြစ်တာပေါ့။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဘုန်းကြီးဝတ်ဖို့ စိတ်ကူးလည်းပျက်သွားတယ်။ ဒီကြားထဲ ရန်ကုန်မီးကလည်း လာတစ်လှည့် ပျက်တစ်လှည့်ဆိုတော့ အိပ်လိုက် စားလိုက်ကပိုများပါတယ်။ မီးကသဘောကောင်းတယ် ဆိုရမလားဘဲ သင်္ကြန်တွင်းကို မီးကပိုလာများတော့ ဘယ်သူ့ကို ကျေးဇူးတင်ရမှန်းမသိ တင်မိပြန်ရော။ ကျေးဇူးတင်ချင်တဲ့ စိတ်ကူးပါ။ တကယ်တော့ မတင်ဖြစ်ပါဘူး။

သင်္ကြန်မိုးကလည်း ရွာမလို လုပ်လိုက် မိုးလေးအုံ့လိုက် တစ်ပေါက်နှစ်ပေါက်ကျလိုက် ပြန်တိတ်သွားလိုက်နဲ့ ပိတောက်ကို မျှော်ရတာလဲ ရင်မောရပါတယ်။ သင်္ကြန်တွင်းမှာတော့ ပိတောက်ကို မျှော်မိတာ ၀န်ခံချင်တယ်။ သင်္ကြန်တွင်းမှာ ပိတောက် ပွင့်တာကို မြင်ချင်တယ်။ ပိတောက်နဲ့ သင်္ကြန်အရမ်းလိုက်ဖက်ဆိုတဲ့ ကျွန်တော့ရဲ့ ခံစားချက်ကို ဝေမျှချင်တယ်။ သင်္ကြန်ပြီးမှတော့ ပိတေက်မပွင့်စေချင်ဘူးဗျာ။ သင်္ကြန်မတိုင်ခင်လည်းမပွင့်စေချင်ဘူး။ ဘာမှန်းကိုမသိဘူး သင်္ကြန်တွင်းမှာပဲ ပွင့်တာကိုကြိုက်ပါတယ်။

သြော်… ဘာပဲပြောပြော တစ်နှစ်တော့ကုန်ပြန်ပြီ။ အသက်လည်း တစ်နှစ်တော့ကြီးပြန်ပြီ။ ကုန်ခဲ့တဲ့နှစ်တွေမှာ ဘာတွေလုပ်ခဲ့မိသလဲ။ ပြန်စဉ်းစားတော့ ဘာမှလည်း မဟုတ်လှဘူး။ ရောက်လာမယ့် နှစ်သစ်မှာရော ဘာတွေလုပ်လို့ ဘာတွေတိုးတက်လာမလဲ သြော်… မှန်းဆရခက်လှချည့်။ ရွှေပြည်တော်မျှော်တိုင်းဝေးတဲ့ ဒီခေတ်ဒီအခြေအနေမှာ ကိုယ့်အိပ်မက်တောင် အကောင်အထည်ဖော်ခွင့်မရှိပါလားနော်။ ဒါပေမယ့် လုပ်တော့လုပ်နေပါတယ် လှော်ရင်းနဲ့ နစ်နေမိတယ်ဗျာ။ ဒီဘ၀ ဒီသံသရာကနေ ရုန်းထွက်ချင်မိတယ်။ လူသားအားလုံး အမြင်မှန်ရပြီး အားလုံးညီညွတ် စေချင်တယ်ဗျာ။

လူတိုင်း လူတိုင်းက ဘ၀အမောကို တရားရေအေးနဲ့တိုက်ဆေးနေကြတယ်။ ဗမာတွေမှာ ဘာလို့များ သီးခံစိတ်တွေ များပြားနေရတာလဲ။ စားဝတ်နေရေးအခက်အခဲကြောင့်ပဲလို့ သုံးသပ်မိပြန်တယ်။ မိမိရဲ့ ထမင်းအိုးကွဲမယ့်ကိစရဲ့ နောက်ကွယ်မှာ စဉ်းစားကြည့်ရင် အတွေးတွေအများကြီးပါဗျာ။ ကျွန်တော်ကိုယ်တိုင်းလည်း အပါအ၀င်ပေါ့။ ဒီအားနည်း ချက်ကပဲ ချယ်လှယ်သူရဲ့ အားသာချက်နဲ့ အသုံးချလက်နက်တစ်ခုများ ဖြစ်နေသလား။

လူငယ်တွေဆိုတာ နောင်တစ်ခေတ်ရဲ့ ခေါင်းဆောင်ပါဆိုတာ တစ်ကမ္ဘာလုံး လက်ခံပါတယ်။ အခုအသက်ကြီးသွားတဲ့ လူကြီးတွေနေရာမှာ လက်ရှိလူငယ်တွေ အစားထိုးဝင်ရောက်လာမှာပါ။ သို့သော် ထိုအစားထိုးဝင်ရောက်လာမယ့် လူငယ်တွေကို လက်ရှိလူကြီးများက တွဲခေါ်ရမယ်။ ဖေးမသင့်တာဖေးမပြီး လူငယ်များ၏ ကောင်းသော အမြင်များကို လက်ခံသင့်တာလက်ခံပြီး ပြုပြင်သင့်တာပြုပြင်ရမယ်။ လူငယ်လေးတွေ တိုးတက်အောင် အဆင့်မြှင့်တင်ပေးရမယ်။ အခုတော့ဗျာ မဟန်လှပါဘူး။ ပညာရေးစနစ်ဆိုတာလည်း စမ်းသပ်ဆဲအဆင့် ဒီတစ်နှစ်မကောင်း နောက်တစ်နှစ် တစ်ခြားဟာပြောင်း၊ ထင်တိုင်းလုပ် ပညာရေးပါလား။ အရေအတွက်တော့တိုးလာပါတယ်။ မြှင့်တင်ပါတယ် အရည်အချင်း မဟုတ်ဘူး အရေအတွက်ဖြစ်နေတယ်။ နေ့မအား ညမနား အကောင်အထည်ဖော်ပါတယ် အဆောက်အအုံများပါလား။ တိုင်းပြည်တွင်းက လူငယ်များ ပြည်ပထွက်သွားတော့ ပြောချင်ပြန်တယ် မျိုးချစ်စိတ်မရှိလို့တဲ့။ ပြောတဲ့လူအသိုင်းအ၀ိုင်းကိုယ်တိုင်ကရော မျိုးချစ်စိတ် အပြည့်အ၀ ဆိုတာ ရှိပါသလား။ မျိုးချစ်စိတ်ဆိုတာဘာလဲဆိုတာရော ဂဃနဏ သိပါရဲ့လား လို့ပြန်မေးချင်မိတယ်။ ဒါကြောင့် လူငယ်များ ကိုတိုက်တွန်းချင်တယ်။ မိမိဘာသာ Self Study လုပ်မှပဲ မိမိရဲ့ ညာဏ်အလင်းကို ဖွင့်နိုင်ပါမယ်။ လက်လှမ်းမီရာ စာပေများကို ဖတ်ရှုစဉ်းစားတွေးတောကြပါ။ မဟုတ်တဲ့ဘက်မှာ အားမသာဘဲ မှန်သောလမ်းကို ဖြောင့်မှန်စွာ လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းမိပါတယ်ဗျာ။

၂၉-၄-၂၀၀၇ နံက် ၁၀နာရီ ၄၆ မိနစ် နာရီ

သင်္ကြန်လည်း ပြီးရော မီးက ပျက်လိုက်တာ ၂ ရက်လာပြီးမှ ၁ ရက်ပဲ လာပါတော့တယ်။ ရာသီဥတုကလည်း ပူလိုက် တာဆိုတာ နေစရာနေရာတောင် မရှိပါဘူး။ သြော် … အရမ်းကို ဖွံ့ ဖြိုးတိုးတက်နေတဲ့ ရွှေတိုင်းပြည်ကြီးပါလား။ ရှေ့ ၃၀ ရက်နေ့ဆိုရင် ကဆုန်ညောင်ရေသွန်းပွဲနေ့ပါလား။ မနက်ဖြန်တော့ မိုးများများရွာအောင် အေးချမ်းအောင် ကဆုန်ညောင်ရေ များများသွန်းလောင်းမှ ဖြစ်မယ်လို့ စဉ်းစားထားမိတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လုပ်ငန်းခွင်မှ ရင်မောစရာများ နှင့် ထင်မြင်ယူဆချက်များ

ကျွန်တော်၏ လုပ်ငန်းခွင်ထဲမှ ကြုံတွေ့ရသော အတွေ့အကြုံများကို ရေးမယ် ရေးမယ်နဲ့ စဉ်းစားရင်းနဲ့ဘဲ ဘယ်ကစရေးရမှန်း မသိတာနဲ့ မရေးဖြစ်ခဲ့တာ ကြာလှပြီ။ ယခုတော့ စိတ်ထဲရှိသလို ရေးချင်စိတ်ကလည်း တွန်းအားပေးဖြစ်သော အခြေအနေများကြောင့် ရေးလိုက်မိပါသည်။ ကျွန်တော်၏ ထင်မြင်ယူဆချက်များကို မိမိအမြင်တစ်ခုတည်းဖြင့် တင်ပြထားပါသည်။ မှန်လျှင်လည်း မှန်မည် မှားလျှင်လည်းမှားမည် ကျွန်တော်၏ သုံးသပ်ချက်များသာ ဖြစ်ပါသည်။

ကျွန်တော့်အမြင်အရ လုပ်ငန်းခွင်တစ်ခုမှာ သူ့နေရာနှင့်သူ အလုပ်လုပ်ကိုင်တာ အကောင်းဆုံးဟု ထင်မြင်မိပါသည်။ ဥပမာ- ဆရာဝန်ကလည်း ဆရာဝန်အလုပ်ပေါ့၊ ဆရာဝန်က ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ လာလုပ်လျှင် သူဘာလုပ်မည်နည်း။ ၄င်းဆောက်လုပ်ရေးလုပ်ငန်းကော တိုးတက် ပါမည်လား။ အလုပ်ဖြစ်ပါမည်လား။ အတိုင်းအတာတစ်ခုအထိ အောင်မြင်ပါမည်လား။ ဆေးသာ ကုတတ်သောဆရာဝန်က အိမ်တစ်လုံးကို ဖြစ်မြောက်အောင် တည်ဆောက်နိုင်ပါမည်လား။

ထိုနည်းတူ အုပ်ချုပ်ရေးပိုင်းမှ သူများကလည်း စာရေးစာချီနှင့် ဦးဏှောက်အသုံးပြုလုပ်ကိုင်နေရသည့် လုပ်ငန်းခွင်ထဲ ကူးပြောင်းလုပ်ကိုင်လျှင် ၄င်းတို့ လုပ်နိုင်ပါမည်လား။ သေချာတာတစ်ခုကတော့ စီမံခန့် ခွဲရေးအပိုင်းတော့ လုပ်နိုင်မည်။ ဒါတောင် အုပ်ချုပ်ပုံ နည်းစနစ်မှန်ကန်မှပင်လျှင် အောင်မြင်စွာ ကိုင်တွယ်နိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက အောက်ခြေကလည်း စိတ်ဆင်းရဲ၊ မတတ်သာလို့ ငုံ့ခံ လိုရာခရီးမပေါက်မည် ဖြစ်ပေမည်။

ယနေ့အချိန်အခါတွင် လုပ်ငန်းခွင်တိုင်း၌ ချက်ချင်းဆိုသော စကားရပ်သည် ပေါ်ပြူလာဖြစ်နေပေသည်။ ချက်ချင်း၊ အမြန်၊ ဆိုတာသည် သူနေရာနှင့်သူ ချက်ချင်းတာ ကောင်းပါသည်။ ဦးဏှောက်ကို အခြေတည်ပြီး ရေးရသားရသော နေရာများတွင် ချက်ချင်းဆိုသည်မှာ အမှားများစွာပါနိုင်သည်။ အောက်လက်ငယ်သားများကို Brain Storming လုပ်ချင်ပါက ထိုသူများကို လေ့ကျင့်ပေးထားရမည်။ အချိန်တစ်ခုပေး၍ ပြုစုပျိုးထောင်ထားရမည်ဟု ထင်ပါသည်။ ထိုသူများကို Brain Storming လုပ်နိုင် အောင် စွမ်းရည်ပြည့်ဝမှု တိုးတက်မှုကို စီမံခန့်ခွဲထားနိုင်ရပေမည်။

သို့သော် ယနေ့အခါတွင် လက်အောက်ငယ်သားများကို Brain Storming လည်းလုပ်ချင်သည်။ မည်သို့ မည်ပုံ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်ကိုလည်း နားမလည်ကြပေတော့ ကျွန်တော် ပြောချင်တာက ကျောက်ခဲကို ရေညှစ်ရင်တောင် ရေထွက်လာပါဦးမည်။ လူ့ဦးဏှောက်ကို ညှစ်ထုတ်ပါက ချက်ချင်းနှင့်တန်သော အရည်အသွေးပဲ ထွက်လာမည်ဟု ထင်မြင်ယူဆမိပါသည်။

နောက်တစ်ချက်က လုပ်ငန်းခွင်တွင် သူ့စည်းကမ်းနှင့်သူ လုပ်ကိုင်ပြီး သတင်းကို အတိအကျ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ပေးမှသာ လုပ်ငန်းခွင်အောင်မြင်မှု ရရှိနိုင်ပေမည်။ လုပ်ငန်းခွင် စည်းလုံးညီညွတ်မှသာ ၀န်ထမ်းအချင်းချင်း ပျော်ရွှင်စွာဖြင့် တက်ညီလက်ညီ လုပ်နိုင်မည် ဖြစ်ပေသည်။

ဥပမာပြရသော် မိမိရရှိထားသော သတင်းတစ်ခုကို (သို့မဟုတ်) မိမိအားအထက်လူကြီးမှ ခိုင်းလိုက် သောကိစ္စတစ်ခုကို မိမိမှ အခြားသူတစ်ဦးအား ပြန်လည်၍ခိုင်းစေပါက အထက်လူကြီး ပြောလိုက်သော စကားကို အတိအကျ ပြန်လည်ပြီး အခြားသူ (ထပ်မံခိုင်းစေမည့်သူ)အား ပြောရပေမည်။ တခြား မသမာသောစိတ်ကူးတစ်ခုဖြင့် အရေးကြီးသော အချက်လေးတစ်ခုကို မိမိအတွက်ချန်ပြီး ထပ်မံစေခိုင်းလိုက်သော လူကို ပြန်လည်ခိုင်းစေပြီး ရရှိလာသောရလာဒ်ကို မိမိက အစအဆုံးလုပ်သယောင်ပြု၍ လူကြီးထံ မျက်နှာလိုမျက်နှာရပြန်လည်တင်ပြပါက ၄င်းသူသည် အများ၏ ရွံ့ကြောက်ဖြစ်ကာ ရေရှည်တည်တံ့မည် မဟုတ်ပေ။

သို့သော် ကျွန်တော်လက်ရှိ မြင်ရသလောက်တော့ လုပ်ငန်းခွင်တိုင်း အထက်ပါကိစ္စရပ်များလို လုပ်ကိုင်သော လူစားမျိုးများကို မချစ်သော်လည်း အောင့်ကာနမ်းနေရသော လက်အောက်ခံ ၀န်ထမ်းအများအပြားရှိနေကြောင်း မြင်မိပါသည်။ ထိုအကျင့်ဆိုးကို တစ်ဦးချင်း စာနာ နားလည်စိတ်ဖြင့် ဖြေရှင်းမှ ရမည်လား။ မည်သည့်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ရပါမည်လဲ။

Stepping Stone ဖြစ်နေရသော ၀န်ထမ်းများဘ၀ကိုလည်း ထည့်သွင်းဆွေးနွေးချင်ပါသည်။ Stepping Stone ကိစ္စ မဆွေးနွေးခင် အရာရှိလောင်းရွေးချယ်သည့် စနစ်ဆိုးကိုလည်း တစ်ပါတည်း ဆွေးနွေးချင်ပါသည်။ ယနေ့အခါ တိုင်းပြည်အတွက် လိုအပ်သော စီမံခန့်ခွဲမည့်သူ၊ ဦးဆောင်မည့်သူများကို ရွေးချယ်သောမူမှာ အမှန်တကယ် ပညာတတ်သော၊ လုပ်ငန်းခွင် အရည်အချင်းရှိသော၊ တီထွင်ကြံဆနိုင်သော၊ ပင်ကိုယ်စွမ်းရည်ထက်မြက်သော လူငယ်များသည် ရွေးချယ်သော စာရင်းထဲမပါဝင်ဘဲ လူတစ်စု၏ တော်သောလူများ ကိုဘဲ ရွေးချယ်သော မူဘဲဖြစ်ပါတယ်။ ကျွန်တော်ဆိုလိုချင်သော လူတစ်စု၏ တော်သောလူများ ဆိုသော ဝေါဟာရကို စာဖတ်သူများ အာရုံဖမ်းစားမိမည် ထင်ပါတယ်။ ၄င်းအကျိုးဆက်ကြောင့် စကားကြီးစကားကျယ်ပြောရလျှင်တော့ တိုင်းပြည်၏ တိုးတက်မှုမှာ တစထက်တစ တိုးတက်မှုမြှားသည် ပြန်လည်ပြီး ကျဆင်းလာသည်ဟု ထင်မြင်မိပါသည်။

နေရာတိုင်း တကယ့်ကို အရည်အသွေးပြည့်ဝသော လက်အောက်ခံဝန်ထမ်းများ ရှိနေကြပါသည်။ ၄င်းတို့သည် အရာရှိအရာခံ ဖြစ်မလာဘဲ တော်ကြသော လူတစ်စုမှ ပေါက်ဖွားလာသော အရာရှိများ၏ နင်း၍တက်သွားကြသော Stepping Stone များ ဖြစ်နေကြပါ၏။ ဤနေရာ၌ ကိုယ့်ဒူးကိုယ်ချွန်ပြီး အောင်မြင်မှုရရှိပြီး လူသားချင်းစာနာသော အရာရှိများကို မဆိုလိုပါ။

နောက်ထပ်ရင်မောစရာတစ်ခုမှာ အကိုကြီး ညီလေး ပြသနာပင် ဖြစ်ပါသည်။ ညီလေးကတော့ အကိုကြီးလုပ်သမျှ အမှန်ပါဘဲ၊ အကိုကြီး ခိုင်းသမျှ မှားမှား မှန်မှန် ညီလေးကတော့ မစဉ်းစား မတွေးခေါ်တော့ပဲ ဖြစ်အောင် ချက်ချင်းလုပ်ပေးရမှာ ညီလေး၏ တာဝန်ပါဘဲ ဆိုတာမျိုး ယနေ့ကာလ တွင် နေရာဒေသတိုင်း၌ မြင်တွေ့နေရပါသည်။ ကြီးသူကို ငယ်သူက ရိုသေလေးစားတာ ကောင်းပါသည်။ မြန်မာမှု နယ်ပယ်တွင်လည်း လိုက်နာသင့်သော အလေ့အထ တစ်ခုပါ။ သို့သော် အကိုကြီးက အမှားလုပ်နေတာကို ညီကသိပြီး ပြန်ပြောရဲသည့် စိတ်ဓါတ်တော့ ရှိသင့်ပါသည်။ လူသားတွေပဲဗျာ မွေးကတည်းက ဦးဏှောက်ပါလာတာပါပဲ။ မိမိကိုယ်ပိုင် စဉ်းစားတွေးတော ဥာဏ်လေးနဲ့တော့ အမှား အမှန်ကို ဝေဖန်းပိုင်းခြားနိုင်ရမှာပေါ့။ အခုတော့ အကိုကြီး လုပ်သမျှ အမှန် ဖြစ်နေတာကတော့ ဦးဏှောက်မရှိရာ ရောက်ပါတယ်။

တစ်ဖက်ကပြန်ကြည့်ပြန်တော့လည်း ညီလေးပါးစပ်က ထွက်လာမယ့် ဆန့်ကျင်ဖက်စကားလုံးများကို အကိုကြီးက ညီလေးအကြိုက်တွေနဲ့ပိတ်ထားပြန်တော့ ညီလေးမှာရော ပြန်ပြောဖို့ သတ္တိဆိုတာ ရှိပါ အုံးမလား။ ရောင့်ရဲတင်းတိမ် အေးဆေးစွာနေမည်။ မိမိ၏ မိသားစုအဆင်ပြေရင်တော်ပြီ။ ဆိုသည့် မြန်မာတို့၏ သည်းခံနိုင်သော စိတ်ဓါတ်ကပင် ကျွန်တော်တို့၏ မွေးရာပါ အားနည်းချက်ပင် ဖြစ်နေပေတော့သည်။

လူ့စွမ်းအားအရင်းအမြစ်တိုးတက်အောင် နိုင်ငံတိုင်း သူ့နိုင်ငံနှင့်သူ အမျိုးမျိုးပြုလုပ်နေကြပေသည်။ ၄င်း အကြောင်းအရာထဲမှ တစ်ခုဖြစ်သော ပညာတော်သင် စေလွှတ်သည့် ကိစ္စရပ်ကိုလည်း ထည့်သွင်းတင်ပြချင်ပါသည်။ လူ့စွမ်းအားတိုးတက်အောင် ပညာတော်သင် စေလွှတ်နေပါသည်။ ထိုသို့ စေလွှတ်ပြီး ပြန်လာသည့် ပညာတတ်မြောက်လာသည့်သူကို ၄င်းသင်ယူခဲ့သော ပညာရပ်နှင့် သက်ဆိုင်သည့် နေရာတွင် ပြန်လည်ပြီး အသုံးချသင့်သည်ဟု ထင်ပါသည်။ နောက်တစ်ခုကလည်း train and trainer စနစ်ဖြင့် ထိုသို့သင်ယူတတ်မြောက်လာသောသူထံမှ တဆင့် ထပ်မံပြီး ပညာပြန့်ပွားအောင် ပြုလုပ်သင့်သည်ဟု ထင်မြင်မိပါသည်။ ၄င်း concept ကို ဘာကြောင့်များ မတွေးကြပါသလဲ။ လတ်တလောအဆင်ပြေမှုကိုသာ ကြည့်နေလျှင်တော့ လတ်တလောသာ အဆင်ပြေမည် ရေရှည်တွင် အဘယ်သို့ လျှောက်လှမ်းနိုင်မည်နည်း။ ယခုအချိန်အခါတွင် ကမ္ဘာပေါ်၌ မိမိတစ်နိုင်ငံတည်း ရပ်တည်၍ မရတော့သော အခြေအနေမှာ အားလုံးအသိပင်။ မိမိကနောက်ကျကျန် နေခဲ့လျှင် ၀ိုင်း၍ကူညီဖေးမတွဲခေါ်သွားကြမည် လိုက်လာနိုင်သည် မလိုက်လာနိုင်သည်က မိမိအပေါ်မှာပင် များစွာ မူတည်သည်ကို သိသင့်သည်ဟု သုံးသပ်ထင်မိပြန်ပေသည်။

နောင်အလျဉ်းသင့်လျှင် ထပ်မံပြီး ဆွေးနွေးချင်ပါသေးသည်။ ကျွန်တော်၏ ပုဂ္ဂလိက ခံစားချက်များကို ဖတ်ရှုပေးကြသော သူများအား ကျေးဇူးအထူးတင်ရှိပါသည်။

မိုးသောက်မာန်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS