Hmmm.......The Last SNOW for Korea

ကိုရီးယားကို ရောက်ကတည်းက ဆောင်းတွင်းမှာ နှင်းကျပါစေဆုတောင်းတာ ၄ ခါပဲ ကြုံလိုက်ရတယ်။
အခုနောက်ဆုံးကျခဲ့တဲ့ နှင်းကတော့ အများဆုံးပါပဲ။ အဲဒီတစ်ခါ ကျပြီး ထပ်ကို မကျတော့တာ အခုထက်ထိပါပဲ။
ကိုယ်ပဲ ရောက်နေလို့ မကျတော့တာလား မအေးတော့တာလား မသိ။ ကိုရီးယားတွေကတော့ ပြောကြသားပဲ ဒီနှစ်ဆောင်းက အရင်နှစ်လောက် မအေးဘူးတဲ့။ ဘာပဲဖြစ်ဖြစ်လေ ဘ၀မှာတော့ အတွေ့အကြုံတစ်ခုတော့ ရခဲ့တာပေါ့.....
မှတ်မှတ်ရရပါပဲ ၁၆-၁-၂၀၀၉ ရက်နေ့က နှင်းကျတာများပြီး နောက်ဆုံးပါပဲ (ဆိုးလ် မှာပဲ ကျတာကို ပြောတာနော် တခြားဒေသတွေမှာတော့ ကျချင်ကျမှာပေါ့)

ဒါက NIA Internship Program အတွက် ရုံးတက်ဖို့အသွားမှာ ကြုံရတာ
နေ့လည် ထမင်းထွက်စားတော့ မနက်ကျထားတာတွေရဲ့ အကျန် လှတာနဲ့ ရိုက်ထားတာဒါကတော့ ရုံးအဆင်းမှာ အမှတ်တယပေါ့

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

sonnchai said...

You are more lucky than me because you can see 4 times snow falling in South Korea's Winter !!! I can see only 3 times when i was there !!!