၁၆ ရက်နေ့ကပေါ့ အိပ်ယာက နိုးနိုးချင်း SMS ၀င်လာတယ် ဒီနေ့ ပရော်ဖက်ဆာ နေမကောင်းလို့ အတန်းမရှိဘူးတဲ့။ ပြီးတော့ အီးမေလ်းစစ်ကြည့်လိုက်တော့ တကယ်ကို အတန်းမရှိတာ ဟီး ဟီး အတော့်ကို ပျော်သွားတယ်။ အဲဒါနဲ့ သူငယ်ချင်းတွေက အပြင် သွားမယ်တဲ့ သွားကြမလားဆိုတော့ အိုကေပေါ့ (why not!)
ဒါနဲ့ပဲ သွားကြတယ် ရထားပေါ်လည်းရောက်ရော အတော်ဆိုးဝါးသော ဆံပင်ပုံစံကို မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ခဲ့တယ်။ ဟား ဟား တော်တော်ဆိုးသော ပုံစံပါပဲ... :Pပြီးတော့ ဈေးဝယ်ပြီး ဗိုက်ဆာကြပြီလေ အဲဒါနဲ့ ဘာစားရင် ကောင်းမလဲ လိုက်ရှာကြည့်တော့....
Korean Military Soup ဆိုတာ သွားတွေ့တယ် အဲဒီ soup က ရာဇ၀င် ရှိတယ်တဲ့
ကိုရီးယားမှာ စစ်ဖြစ်တုန်းက အကုန်ရောပြီးတော့ ချက်စားကြလို့ အဲဒီ soup ကို အခုလို နာမည်ပေးထားတာတဲ့
(Anyhow)ဘယ်လိုပဲဖြစ်ဖြစ် စားလို့ကောင်းတာကတော့ အသေအချာပဲ ပိုက်ဆံလည်း မြောက်သွားတာတော့ အမှန်ပဲ....စားပြီးတော့ ဂိမ်းသွားကစားခဲ့ကြတယ်
Melbourne near me Trusted Removalist
2 months ago
0 comments:
Post a Comment