Odaiba သို့ အလည်တခေါက်

ဂျပန်ရောက်ပြီး ၂၂ ရက်မြောက်မှာ Odaiba ကို မထင်မှတ်ပဲ ရောက်ဖြစ်ခဲ့တယ်.........

Odaiba (or Daiba) is a popular shopping and entertainment district on a man made island in Tokyo Bay. It originated as a set of small man made fort islands (daiba literally means "fort"), which were built towards the end of the Edo Period (1603-1868) to protect Tokyo against possible attacks from the sea and specifically in response to the gunboat diplomacy of Commodore Perry.

More than a century later, the small islands were joined into larger islands by massive landfills, and Tokyo began a spectacular development project aimed to turn the islands into a futuristic residential and business district during the extravagant 1980s. But development was critically slowed after the burst of the "bubble economy" in the early 1990s, leaving Odaiba nearly vacant.


It was not until the second half of the 1990s, when several hotels, shopping malls and the Yurikamome elevated train line were opened, that Odaiba developed into one of Tokyo's most popular tourist attractions and date spots with a wide selection of shopping, dining and leisure options.

With Aqua City and FUJI TV Building

Despite the initial setbacks, several lavish development projects did materialize, including some of Tokyo's boldest architectural creations, such as the Fuji TV Building, Telecom Center and Tokyo Big Sight. Modern city planning furthermore provides Odaiba with plenty of green space and a pleasant division of motorized and pedestrian traffic using elevated walkways and the like.

Source: http://www.japan-guide.com/e/e3008.html
http://www.aquacity.jp/en/introduction/about.html

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိမိကိုယ်ကို တည်ဆောက်ခြင်း

ရှင်သန်နေထိုင်ခွင့်ရနေတဲ့ အချိန်ကာလတစ်ခုအတွင်းမှာ ဖြစ်ပြီးခဲ့တာတွေ၊ ယခုလက်ရှိ ဖြစ်ပျက်နေတာတွေ၊ နောင်တစ်ချိန်မှာ ဖြစ်ပျက်လာမဲ့အကြောင်းအရာတွေဟာ …… မိမိဘ၀မှာ အရေးကြီးတာလည်းရှိသလို ၊ သာမန် ကိစ္စရပ် တွေဆိုပြီး အသေးအဖွဲတွေအဖြစ်လည်း ရှိနိုင်တာပါပဲ …. လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ပညာရှာမှီးရာ အသိုင်း အ၀ိုင်းမှာပဲဖြစ်ဖြစ် ၊ မိတ်ဆွေ အပေါင်းအသင်းဆက်ဆံရေးကဏ္ဍမှာပဲဖြစ်ဖြစ်၊ နှလုံးသားအရေးကိစ္စမှာပဲဖြစ်ဖြစ် …….. အကြောင်းအရာတိုင်းဟာ သူ့အတိုင်းအတာနဲ့သူ လေးနက်မှု၊ နက်ရှိုင်းမှု စတဲ့ အတိမ်အနက် သိပ်သည်းမှု တွေရှိမှာပါပဲ ……. ။

တစ်ချို့အကြောင်းအရာတွေက လူတွေရဲ့ အတ္တမာနတွေကို မြင်သာစေသလို တစ်ချို့အဖြစ်အပျက်တွေက လူတွေရဲ့ ကိုယ်ကျင့်တရား မတည်ကြည်မှု၊ ဂုဏ်သိက္ခာအားနည်းမှု၊ တရားမျှတခြင်းမရှိမှုတွေကို ထင်သာမြင်သာရှိစေ တတ်ပါတယ် ။ အဲဒီလို အကြောင်းတရားတွေကြောင့် ….. နောက်ဆက်တွဲအနေနဲ့ မလိုလားအပ်တဲ့ ထိခိုက်နာကျင်မှုတွေဟာ ကျန်တစ်ဖက်သားလူတွေအပေါ်မှာ ခါးသက်မှုတွေကို သက်ရောက်စေတတ်ပါတယ် ….. ။ အဲဒီအခါ တန်ပြန်သက်ရောက်မှုအကျိုးဆက်တွေ ရှိလာတတ်သလို လျစ်လျူရှု ဥပေက္ခာပြုထားလိုက်ကြတာလည်း ရှိနိုင်တာပေါ့ ….. ။

ဒါပေမယ့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများကတော့ အဖြစ်အပျက်တိုင်းကို ကံ၊ ကံ၏အကျိုးပေးလို့ နားလည် လက်ခံထားလေ့ရှိကြတာမို့ မည်သူ့ကိုမျှ အပြစ်တင်လေ့မရှိကြပါဘူး ။ သည်းခံစိတ်နဲ့ နေထိုင်ရင်း အချိန်ကာလတစ်ခု အတွင်းမှာပဲ မေ့ပျောက်ပစ်လိုက်ကြတာ များပါတယ်။ ဒါဟာ တစ်ချို့အတွက်ပဲ ဖြစ်နိုင်ပြီး တခြားသူတွေအတွက်မှာ လက်ခံနိုင်ဖို့ ခက်ခဲတတ်ကြမှာပါ ။ အရာအားလုံးဟာ မည်သူ့အတွက်မဆို ပုံသေမှတ်ယူလို့မရပါဘူး ။ တစ်ခါတစ်ရံမှာ အဖြစ်အပျက်တစ်ခုဟာ လွယ်မယောင်နဲ့ ခက်ခဲသွားတတ်ပြီး တိမ်မယောင်နဲ့ နက်ရှိုင်းစေတတ်ပါတယ် ။

မည်သူမဆို အမှားအယွင်းကင်းစင်တဲ့ပုဂ္ဂိုလ် ၊ အမှန်တရားကို ချစ်မြတ်နိုးတဲ့ပုဂ္ဂိုလ် ၊ ကိုယ်ကျင့်တရား ခိုင်ကြည်တဲ့ပုဂ္ဂိုလ် ၊ တစ်ကိုယ်ကောင်းမဆန် အတ္တကင်းတဲ့ ပုဂ္ဂိုလ် ၊ ကိုယ်ချင်းစာတရား မုဒိတာတရား စေတနာတရား အားကောင်းတဲ့ပုဂ္ဂိုလ် စသဖြင့် နာမ၀ိသေသနအထူး အထူးတွေနဲ့ မွမ်းမံထားတဲ့ လူသတ္တ၀ါ ဖြစ်ချင်ကြတာပေါ့ ….. အဲဒီလို ဂုဏ်ဒြပ်တွေနဲ့ ဖော်ကျူးနိုင်ဖို့ကိုလည်း ကျွန်ုပ်တို့လူသားတွေ အသေအချာကို ကြိုးပမ်း အားထုတ် ခဲ့ကြပါလိမ့်မယ် ……… ။ ဒါပေမယ့် ….. လောကကြီးမှာ ကိစ္စရပ်တိုင်းဟာ မိမိ စိတ်တိုင်းကျ မိမိခြယ်လှယ်သမျှ ဖြစ်ခွင့်ရှိလို့လား …… ဖြစ်လာနိုင်လို့လား ……. ဖြစ်ခဲ့လို့လား ….. ။ ဆန္ဒ နဲ့ ဘ၀ တစ်ထပ်တည်းကျအောင် တည်ဆောက်နိုင်အောင် ကျွန်ုပ်တို့လူသားတွေ စွမ်းနိုင်ပါ့မလား …… ။

ဒါပေမယ့် ကျွန်ုပ်တို့လူသားတွေဟာ နေ့စဉ်နှင့်အမျှ မျှော်လင့်ချက်ကိုယ်စီနဲ့ ရုန်းကန်လှုပ်ရှားကြရင်း ဆန္ဒတွေ၊ အိမ်မက်တွေကို (ဖြူစင်သည်ဖြစ်စေ ၊ မဖြူစင်သည်ဖြစ်စေ) ကျားကုတ်ကျားခဲ အကောင်အထည်ဖော် နေကြတာပါပဲ။ အဓိက သတိထားရမှာက မိမိပယောဂကြောင့် မသက်ဆိုင်တဲ့ တစ်ခြားသူတွေအပေါ်မှာ အစွန်းအထင်းတွေ၊ နာကျင်ခံခက်မှုတွေ၊ ဆုံးရှုံးမှုတွေ မရှိစေသင့်ပါဘူး …… ။ မိမိရဲ့ တစ်စုံတစ်ခုကို လိုချင်တပ်မက်မှု ၊ ရယူပိုင်ဆိုင်လိုမှုကြောင့် တခြားသူမှာ ထိခိုက်နစ်နာမှု (စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာဖြစ်စေ) တွေ ပေါ်ပေါက်ခဲ့ပြီဆိုရင် …. ဒါဟာ သေချာပါတယ် ….. မိမိဦးတည်ချက်ဟာ မှန်ကန်မှုမရှိတဲ့ မှားယွင်းစွာ ဆုံးဖြတ် တည်ဆောက်ထားတဲ့ ၊ အတ္တဆူးတွေနဲ့ ပြည့်နှက်နေတဲ့ ပန်းတိုင်တစ်ခုဆိုတာပါပဲ …. ။

ဒါကြောင့် ….. မိမိဘ၀ကို ဘယ်လိုပုံသဏ္ဍာန်နဲ့ ရပ်တည်ချင်သလဲဆိုတာ အရေးကြီးပါတယ် ….. ။ ငွေကြေးဥစ္စာ၊ ဂုဏ်ဒြပ်တွေနောက်ကို မျက်နှာသာပေး လိုက်ပါစီးမျောမလား ….. ရိုးသားဖြူစင်တဲ့ ကိုယ်ကျင့်တရားနဲ့ အိမ်မက်တွေကို တည်ဆောက်ပုံဖော်မလား ဆိုတာ မိမိကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ရှိကြတာနော် ….... ။
ဘ၀ ဆိုတာ အနိမ့်အမြင့် အတက်အကျတွေနဲ့ အစီအရီ ပြည့်နှက်နေတဲ့ ခရီးလမ်းရှည်ကြီးတစ်ခုပါ ။ ဘ၀ခရီးတစ်လျှောက်မှာ ကြုံဆုံရတဲ့ လူသားအချင်းချင်း ရိုးစင်းစွာ ဆက်ဆံသွားကြရင်း ၊ အပြန်အလှန် ဖေးမကူညီ သွားကြရင်း ၊ ပျော်ရွှင်မှုတွေ အောင်မြင်မှုတွေကို မျှဝေခံစားကြရင်း ၊ ဘ၀အဓိပ္ပါယ်တွေကို သန့်ရှင်းစွာ ရှာဖွေ ဖွင့်လှစ် သွားနိုင်ကြမယ်ဆိုရင် လူ့လောကကြီးဟာ သာယာလှပတဲ့ ငြိမ်းချမ်းအေးမြတဲ့ ပျော်စရာနေရာလေးတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ ……… ။
အားလုံးက စိတ်ထားတစ်ညီညာတည်း ညီညွတ်စွာ တည်ရှိနေမယ်ဆိုရင် မဖြစ်နိုင်စရာအကြောင်း လုံးဝမရှိပါဘူး …….. ယုံကြည်လျက် ………. ။

source: http://www.ainmat.com/index.php?/archives/3884-unknown.html

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လိုက်နာသင့်သော ဆုံးမစကား

ကောင်းသော ကိစ္စ မှန်သမျှ တစ်ရက်လျှင် တစ်ချက်ကျ အကြံ မထွက်တတ် ၊ မကောင်းသော အလိုရမ္မက်တို့၏ ဖုံးကွယ်မှုကိုကား အမြဲခံနေရရှာသည် ၊ သို့ကြောင့် အကြံကောင်း တစ်ချက် ပေါ်လာလျှင် ဆက်ဆက်သာ လက်ဦးအောင် ဖမ်းလုပ်တတ်မှ ကောင်းဘ၀အင်အား ကြီးထွားမည် ။"

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

First Assignment to TOKYO

Now, I got my assignment. I left from Myanmar on 24th December 2010 (Christmas Eve). I arrived in Tokyo on 25th December 2010. Firstly, some of my colleagues were welcoming and Tokyo also gave me freeze feeling.

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Visit to Bagan Again

၂၀၁၀ ဖေဖော်ဝါရီ ၁၂ ကနေ ၁၄ ထိ ပုဂံကို နောက်တစ်ကြိမ် ထပ်သွားခဲ့တယ်။ ဒီတစ်ခါတော့ ဓါတ်ပုံတွေ များများ ရိုက်ခဲ့မိတယ်။ ရေကူးကန်ရှေ့မှာ ပြင်သစ် ကလေး ၂ နဲ့တွေ့တယ်။ ရေကူးဝတ်စုံလေးတွေနဲ့ ချစ်စရာ ကောင်းတာနဲ့ပဲ ဓါတ်ပုံရိုက်ဖို့ ပြောတော့ အတူတူ ရိုက်ပေးရှာတယ်။ ကျန်တာတွေကတော့ ဟိုတယ်နဲ့ရယ် အမှတ်တယ ပုံလေးတွေ ဘ၀မှာ ကျန်ခဲ့အောင် ဘလောခ့် တင်ထားလိုက်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS