Korea Floritopia 2009 of Anmyeon Island

(၉-၅-၂၀၀၈) ရက်နေ့က Anmyeon Island မှာ ကျင်းပတဲ့ Korea Floritopia 2009 ပြပွဲကို လေ့လာရေး သွားခဲ့ပါတယ်။ နံနက် ၈ နာရီထဲက ဆိုးလ်ကနေထွက်သွားတာ ၁၂ နာရီကျော်မှပဲ ရောက်တော့တယ်။ လမ်းတလျှောက် Traffic ကလည်း များမှများပဲ။ များဆို အဲဒီ ပြပွဲကို လာကြတဲ့ ကားတွေကြောင့်ပေါ့။

အိုကေ။ ပန်းတွေကလည်း လှမလှ လူတွေကလည်း များမှ များပဲ။ ဘာပန်းအမျိုးအစားလည်းဆိုတာလည်း သေချာတောင် မသိခဲ့ရဘူး။ ပြခန်းတွေလည်း အများကြီးပဲ ပြခန်းထဲ ၀င်ဖို့တောင် တန်းစီတာ လူတွေအရမ်း များလို့ မ၀င်ဖြစ်ခဲ့ဘူး။ (ကိုရီးယားတွေက ဘာပဲဖြစ်ဖြစ် တန်းစီကြတာကို အရမ်းကြိုက်တယ်။)

ကဲ ပြပွဲကို ၀င်ကြမယ်............. အရင်ဆုံး လက်မှတ်ဝယ်ပါတယ်။ ပြီးတော့ ၀င်ပေါက်ကနေ ၀င်ခဲ့တယ်။
ဒါကတော့ ၀င်ဝင်ချင်းမှာ မြင်ရတာပါပဲ။
အော် ပြခန်းမှာ ပန်းပေါင်း ၁၀၀၀၀၀၀၀၀ ပြထားတယ်တဲ့။ အမှတ်တယ ရိုက်ခဲ့တာလေးတွေပေါ့။
နောက်မှပဲ တခြား ကျန်တဲ့ ပုံတွေ ထပ်တင်တော့မယ် အိပ်ချင်ပီ။။။။။။



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments: